Friday, April 24, 2015

သီတဂူဆရာ​တော်​ဘုရားကြီး၏​ဟောကြားချက်​(တတိယပိုင်း)

ငသီတဂူဆရာ​တော်​ဘုရားကြီး၏​ဟောကြားချက်​(တတိယပိုင်း)

၆။ဘာသာရေး ကို ခေါင်းစဉ်တပ် လိုက်ရင်ဖြင့်- အများ က လူအဓိက မထားတော့ ဖူး၊ အဖွဲ့  အစည်း အမည်နာမ ရဲ့ ခွဲခြားမှု အောက်မှာ လူလူခြင်း၊ ကောင်းတာလေးတွေ တူတာရှိ နေရင် တောင်မှ တစ်ဦး နဲ့  တစ် ဦး ဘယ်လို မှ မတူ နိုင်တော့ဘူး။ တစ်ဦးနဲ့တစ်ဦး အကောင်းမမြင်နိုင်တော့ဘူး၊ ကောင်းတာလေးတွေ တူနေရင် တောင် မှ အတူတူ အလုပ်မလုပ် နိုင်တော့ ဘူး။

(ဓမ္မ ကို လိုက်နာ ကျင့် ကြံတဲ့သူဟာ လူ ကို အဓိကထားတယ် (အဖွဲ့  အစည်း အမည်နာမ သတ်မှတ် ချက်ကို အဓိကမထားဘူး။) ၊ လူ့ လောကမှာ လူရယ်လို ရှင်သန်နေထိုင်ရာမှာ (common ground) ခေါ်တဲ့ ညီမျှစွာ၊ ကောင်းမွန်စွာ၊ အရောင်းအသွေး၊ ဇာတ် အနိမ့် အမြင့်၊ ဆင်းရဲ ချမ်းသာ စတဲ့ တူနိုင်တာကို မတူအောင်ခွဲ ခြားထားတဲ့ ဓမ္မကို ဆန့် ကျင်နေတဲ့ အဓမ္မ အယူအဆတွေ ကို ရှောင်ရှားနိုင်သော အသိရှိသူတွေ ဖြစ်ရ မယ်။)

ရ။ ဘာသာရေးဆို ပြီး အုပ်စု ပြု ကြရင် အများစုက - ဂိုဏ်းဂဏ၊ ဂုဏ်ပကာဿန၊ အမိန့်  ၊ အာဏာ၊ စတဲ့ မရိုးသာတဲ့ အာကိုးတွေ၊ မရိုးသားတဲ့ ပြိုင်ဆိုင်မှုတွေ နဲ့ တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့  နဲ့  တစ်ဖွဲ့  ဦးရာလူ၊ နိုင်ရာနိုင်ရာ အပြစ်တင်၊ ကဲ့ရဲ့ ခြင်း၊ အာဏာပြခြင်း ဒုက္ခရောက်အောင် ကြံခြင်း စတာတွေ ပြုလာတတ်ကြတယ်။

(ဓမ္မ စစ်စစ် ရှိတဲ့ ကျင့် သုံးတဲ့ နေရာမှာ ဒီလိုမျိုးတွေ မရှိဘူး၊ အမတန်မှ မေတ္တာကြီးတယ်၊ အားလုံး အပေါ် မှာ တစ်ပြေးညီထဲ ဆက် ဆံတယ်၊ ရိုး သားတယ်၊ ပညာ-သတိ အားကြီးတယ်။ လောက မှာ ရှက်စရာ၊ ကြောက်စရာ ဖြစ်စေမဲ့ အလုပ်မျိုး တွေ ကို ဘယ်လိုနေရာ၊ ဘယ်လို အခြေအနေ မှာ ပဲ ဖြစ်ဖြစ် မကျူးလွန်ကြဘူး။)

ဓမ္မ နှင့် ဘာသာရေး၏ လက်တွေ့ ဘ၀ ကွဲ ပြားနေမှု များရှိနေကြောင်း နှင့် -- ဘာသာရေး (religion) ကို ကိုးကွယ်မှာ လား၊၊ ဓမ္မ (Dhamma) ကို ကိုး ကွယ်မှာ လား --- သေချာ စဉ်းစား၍ ---- မိမိ တို့  ကြိုက်နှစ်သက်ရာ၊ အကျိုးရှိ မှန် ကန်မည် ဟု ထင်သာအရာ ကို ကိုယ် ပိုင်ဥာဏ် ဖြင့် သုံးသပ်လေ့လာ၍ ကျင့်ကြံ ဆုံးဖြတ်ရယူ နိုင် ကြပါစေ။

၁။ သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူသော၊ "ဣဿာနှင့် မစ္ဆရိယ တရားတော်။
၂။ ဆရာကြီးဦး ဂိုအင်ကာ ၏ "ဓမ္မ (သို့ မဟုတ်) ဘ၀တစ်လျောက်နေထိုင်သွားနည်းအတတ်ပညာ"
၃။ ဆရာတော်ဦး ဇောတိက ၏ တရားတော် များ မှ ကိုးကား၍ ကောက်နှုတ်မျှဝေပါသည်။ )
မူရင်းhttps://www.facebook.com/photo.php?fbid=497713416907349&set=p.497713416907349&type=1&theater

ငြိမ်းချမ်း​ဇော်​ ပြန်​လည်​မျှ​ဝေသည်

သီတဂူဆရာ​တော်​ဘုရားကြီး၏​ဟောကြာချက်​(ဒုတိယပိုင်း)

သီတဂူဆရာ​တော်​ဘုရားကြီး၏​ဟောကြာချက်​(ဒုတိယပိုင်း)

*ကိုယ်တိုင်သိနိုင်တာဘာရှိလဲ...ကိုယ်တွ့ ကြုံရတာဘဲကိုယ်တိုင်သိနိုင်တယ်..၊အဲဒီတော့ လက် တွေ့ လုပ်လို့ မရနိုင်တာတွေကို တွေးပြီး..၊ငြင်းခုံပြီး အချိန်ကုန် မခံတော့ဘူး....၊ ခုခေတ်မှာတော့ ပြောတဲ့သူ ကလည်း ကိုယ်တိုင်သိ လို့ ပြောတာ မဟုတ်ဘူး..၊ ယုံတဲ့ သူကလဲ ကိုယ်တိုင် သိ လို့  ယုံတာ မဟုတ်ဘူး..၊ ပြောတဲ့ သူက သူ ပြောတာကို မယုံဘူး လို့ ဆို ရင် စိတ်ဆိုးတော့ မှာ သေချာတယ်..(ဘာလို့ စိတ်ဆိုးမှာလဲ..သူကိုယ်တိုင်သိလို့ ပြောတာမှ မဟုတ်ဘဲ ကိုး).၊... သိလို့ ပြောတဲ့ သူဟာ မယုံရင် လဲ စိတ် မဆိုးဘူး....၊ မယုံရင် စမ်းကြည့်ပါ လို့ သူပြောနိုင်တယ်..၊ ကိုယ်တိုင်က ကိုယ်တွေ့ မရှိရင် စမ်းကြည့်ပါ လို့ မပြော နိုင်ဘူး....၊ ကိုယ် ကတကယ်ဟုတ်မှန်း သိရင် သူများမယုံတာကို သိပ် မကျေမနပ် မဖြစ်ဘူး....ယုံအောင် လည်းအတင်းမပြောဘူး...၊

* မြတ်စွာဘုရားဟာ ငါတို့ က လမ်း ကို ညွှန်ပြတဲ့သူ ပဲတဲ့ ..၊လိုက် ပို့ တဲ့သူမဟုတ်ဘူး... ဒီလမ်း က သွား ရတယ် လို့  ပြောပြလိုက် တာ ပဲ...၊ ကိုယ်က သွားချင်ရင် သွား နိုင် တယ်... မသွားချင်ရင် လည်း နေ နိုင်တယ်... ကိုယ့်သ ဘောပါပဲ။

*သူတပါး အား မကိုးပါ နဲ့ ... ကိုယ့် အားကို ကိုး ပါ..... မြတ်စွာဘုရား မှာ တဲ့ အ တိုင်း "အတ္တဒီပါ ၀ိဟရထ အတ္တသရဏာ အနညသရ ဏာ".. "သူတပါး အား မကိုးပါ နဲ့ ... ကိုယ့် အားကို ကိုး ပါ" .. လုပ် နိုင်ရင် ငြီးညူရတဲ့ဘ၀က လွတ်ပြီ...၊ အား ငယ်ရ တဲ့ဘ၀က လွတ်ပြီ..၊

*ဗုဒ္ဓရဲ့ တရား ဟာ အားငယ်သူတို့ ရဲ့ ဘာ သာ တရား မဟုတ်ဘူး၊ စိတ်ဓါတ် အင် အား ကြီး သူတို့  ရဲ့ တရား ဖြစ် တယ်..

*မိရိုး ဖလာကိုး ကွယ်မှု နဲ့ ပုဂ္ဂိုလ် စွဲ ကြည် ညို မှု အားကြီး လာတဲ့ ခေတ်မှာ ....လက်တွေ့ စမ်းစစ် တဲ့ သူ နည်းလာတယ်...၊ ပုဂ္ဂိုလ် ခင်မှတရား မင် တယ် ဆို ပင်မဲ့...ပုဂ္ဂိုလ်ကို ခင်တာက များ ပြီး တရား ကို မင်တာ က နည်းနေ တယ်...၊ .. တရား ကိုစွဲလမ်း စေ ဖို့ တရား ဟောတာ မဟုတ်ဘူး...၊ လွတ်မြောက် စေ ဖို့ တရား ဟော တာ..၊ (ကုလ္လုပမံ ဘိက္ခဝေ ဓမ္မံ ဒေသိဿာမိ နိဿရနတ္ထာယ နောဂဟနတ္ထာ)......

*လက်တွေ့ စမ်း သပ်ရ မယ် ဆို တဲ့ အချက် ကို မြတ်စွာဘု ရား က အထူးမှာ တယ်..၊ ယုံတာ ကို ဦးစား မပေး ဘူး...၊

အနှစ်ချုပ်ရလျှင်လက်တွေ့ ဘ၀ ဓမ္မ နဲ့  ဘာသာရေး နဲ့ ခြားနားမှုများမှာ-

၁။ ဘာသာရေးဆိုရင် အများစုက- အုပ်စုဖွဲ့ ဘောင်ခတ်ပြစ်လိုက်တယ်၊ ငါ့ တို့ ဝါဒကို ယုံကြည်ကြ၊ ငါတို့  ၀ါဒကို ထောက်ခံကြ၊ ကိုး ကိုယ်ကွယ်ကြ၊ ဆုတွေ တောင်းကြ၊ --- အဲ့လို မဟုတ်ရင် ဒုက္ခရောက်မယ်၊ အပြစ်ပေးမယ်၊ ဒဏ်ခတ်မယ်။

***(ဓမ္မ ဆိုရာဝယ်- အုပ်စု၊ အဖွဲ့ အစည်းတစ်ခုကို ကိုယ်စားမပြုပါ၊ သတ္တ၀ါအားလုံးနှင့် သက်ဆိုင်ပါသည်၊ ဓမ္မ ဆိုတာအကျင့် တရားဖြစ်တယ်၊ ကိုယ်တိုင်ကျင့် သုံး ကြည့် ပြီး မိမိကြိုက်တယ်၊ မိမိ အတွက် အကျိုးရှိ တယ် ထင်မှ ဆက်လက် ကျင့်သုံးပါ၊ မိမိ မနှစ်သက်ဖူး ၊ မကြိုက်ဖူး၊ မိမိ အတွက်အကျိုး မရှိဖူးထင်ရင် ထားခဲ့၊ ဘာမှ ပြစ်တင်တာ၊ ဒဏ်ခတ်တာမရှိဖူး။)

၂။ ဘာသာရေးကိုခေါင်းစဉ်တပ်လိုက်ရင် အများစုက -- ဘာမှပြန်လည်းဆွေးနွေး မေးမြန်းခြင်း၊ စူစမ်းခြင်း၊ လုပ် တာမကြိုက်၊ ပြောတဲ့ အတိုင်း မယုံရင်၊ လိုက်မလုပ်ရင် အာဏာဖီဆန်တယ် လို့  သတ်မှတ်ပြီး အပြစ်တင်မယ်၊ ယုတ်တိမရှိတဲ့ ကြိမ်စာ လို အယူမျိုးတွေ နဲ့  ခြိမ်းခြောက် မယ်၊ အပြစ်ပေးဖို့ ကြိုးစားမယ်။

***(ဓမ္မ ဆိုတာက- လာပါ၊ ယူပါ၊ ကျင့်ကြံကြည့်ပါ၊ လွတ်လပ်စွာ၊အေးချမ်းစွာ၊ ဆွေးနွေးပါ၊ မေးမြန်းပါ၊ ပြီးမှ ကိုယ်တိုင်မှန်တယ်ထင်မှ ယုံပါ၊ မယုံလို့ ရှိရင်လဲ အပြစ်တင်ခြင်းမရှိပါ၊ ခြိမ်းခြောက်ခြင်းမပြုပါ။)

၃။ ဘာသာရေး ဆိုလာရင်အများစုက---တစ်လမ်းသွား၊ နှစ်ဖက်မြင်အားနည်းတယ်၊ လေ့လာသုံးသပ်ခွင့်၊ ကျင့်ကြံပြီး၊ မှန်မမှန် စူးစမ်းခွင့်ကို သဘာဝမကျ၊ မပွင့်လင်းတဲ့ အကြောက်တရား နဲ့ ဖုံးထားတယ်။

***(ဓမ္မမှာက - နှစ်ဖက်အမြင် မျှတတယ်၊ အလယ်အလတ်လမ်းစဉ် ကို လိုက်တယ်၊ သဘာဝကျတယ်၊ လွတ်လပ်တယ်၊ ပွင့်လင်းတယ်၊ တစ်စုံ တစ်ခုကိုသော်၎င်း၊ အဖွဲ့ အစည်းတစ်ခုကိုသော်၎င်း၊ အကြောင်းမဲ့ စိုးရိမ် ကြောက်လန့် နေစရာမလိုဖူး။ အသိပညာ နည်းသူတွေ ကို မေတ္တာ ဖြင့် အသိပညာ များ အောင် သွန်သင် လေ့ကျင့် ပေးရာနေရာဖြစ်တယ်။)

၎။ ဘာသာရေးအများစုက သဘာဝ အမှန်တရားနဲ့ လက်တွေ့ မကျတဲ့ မိရိုးဖလာ အယူအဆတွေ၊ ရိုးရာဓလေ့တွေကို ရှေ့ တန်းတင် ထားလေ့ရှိတယ်၊ ကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း၊ ပူဇော်ခြင်း၊ ပသခြင်း စတောတွေနဲ့ မွန်းမံထားလေ့ ရှိတယ်။

***(ဓမ္မ ဆိုတာက- လက်တွေ့ ကျခြင်း၊ ကျင့်ကြံခြင်း၊ ပွားများခြင်း၊ မှရရှိသိမြင်လာတဲ့ စစ်မှန်တဲ့ ပညာကို အခြေခံတယ်၊ )

၅။ ဘာသာရေးဆိုလာရင် အများစုက အနှောင်အဖွဲ့ ၊ အကန့် အသတ်တွေ နဲ့ ပြည့်နေတယ်၊ မိမိ စိတ်ကို ငြိမ်းချမ်းမှု မရှိတဲ့ အချုပ်အနှောင်တွေ နဲ့ ပဲ မွေ့ လျော်နေရတယ် တစ်စုံတစ်ခုကို အားကိုးရှာနေရတယ်။

(ဓမ္မ ဆိုတာက- သံသရာ၊ အနှောင်အဖွဲ့ တို ရဲ့ လွတ်မြောက်ရာ၊ စစ်မှန်တဲ့ ငြိမ်းချမ်းမှု နဲ့ မွေ့ လျော်ရာဖြစ်တယ်၊ မိမိကိုယ်ကို အားကိုးယုံကြည်သူဖြစ်စေတယ်။)

တတိယပိုင်းဆက်​လက်​ဖတ်​ရှုရန်

ငိမ်းချမ်း​ဇော်​ ပြန်​လည်​မျှ​ဝေသည်

သီတဂူဆရာတော် ဘုရားကြီး၏ ဟောကြားချက်(ပထမပိုင်း)

သီတဂူဆရာတော် ဘုရားကြီး၏ ဟောကြားချက်

* ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့  ၄၅နှစ် လုံးနေသွားတဲ့ အတွင်း ဘာဟော ခဲ့သလဲ ဆိုတော့ -- သေချာမှတ် ထား -- "ဓမ္မ" ။ "ဓမ္မ" ဆိုတာဘာလဲ --- "ဓမ္မ"ဆို တာလူ့ အဆင့် ကိုမြှင့်ပေးတယ်။ လူ့ အဆင့် ကို အဆင့် ဆင့်မြှင့် ပေးတယ်။ ဘယ်လို့  မြှင့်ပေးတာ လည်း---- အခြေခံကျင့် စဉ်သုံးခုကျင့် မှရမယ် ------

၁။ (ကိုယ်နဲ့ နှုတ်သောင်းကျန်းမှု တွေကို ထိန်းခြင်း အကျင့်= သီလ) သီလကိုကျင့် လို့ ရှိရင် အားလုံးလူကောင်းတွေဖြစ်လာမယ်၊ [ to be good person ]

၂။ (စိတ်ပေါ်မှာ ရှိနေတဲ့ သောင်းကျန်းမှု တွေကိုငြိမ်းချမ်းအောင် ထိန်းခြင်းအကျင့် = သမာဓိ) သမာဓိ ကို ကျင့်လို့ ရှိ ရင်အားလုံးစိတ်ထားဖြောင့် တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာမယ်။ [ to be right person]

၃။ ( စိတ်ထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေကိုထုတ်ပစ်နိုင် ဖို့ ၊ စိတ်ထဲက အရှိတရား၊ အမှန်တရား ကိုသိအောင် ကျင့်ခြင်း = ပညာ) ပညာကိုကျင့် လို့ ရှိရင် ဖြူစင်တဲ့ သူတော်စင်တွေ ဖြစ် လာမယ် (အရိယာသူတော်စဉ်) ။ [ to be noble person ]

ဥပမာဆိုရလျှင်---

* လူမမာ ရောဂါရလို့  ဆရာဝန်သွားပြ ရင် ဆရာဝန်က ဆေးညွှန်း ပေးလိမ့် မယ်၊ ဆေးညွှန်း အတိုင်း ဆေးပေး လိုက်လိမ့်မယ် ဆေးဘယ်လို သောက်ဖို့ ညွှန်ကြားလို လိမ့် မယ်၊

* ဒါကို လူနာက အိမ်ပြန်ရောက်တော့ အညွှန်းကိုဖတ်ကြည့်၊ ပြီးရင်း ကောင်းလိုက် တဲ့ ဆေးညွှန်း ဆိုပြီး ဆေးညွှန်း တွေပဲ ထိုင်ဖတ်တယ်၊ ပြီတော့ ဒီဆရာသိပ် တော်တာပဲ၊ ဆိုပြီး၊ ဒီဆရာဝန် ကို ယုံကြည်ပါ၏၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏၊ ဆိုပြီး လုပ်နေကာ ဆေးတော့ မသောက် ဖူး၊ ဒါဆို ဘာဖြစ်မလဲ------------------"လူနာ သေတာပေါ့။"

* ဒီဥပမာ လို ပဲ၊ ဒီကနေ့ ဗုဒ္ဓဘာသာ အမျိုးကောင်းသား၊ အမျိုး ကောင်း သမီးတွေ၊ ယုံကြည်ပါ၏၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏ ဆို တဲ့ အဆင့်မှာ ရပ်၍ မနေ့ သင့်ပါဘူး။
ဆေးညွှန်း လဲဖတ်ပါ (ဆေးညွှန်း ဆိုတာက- ပိဋက တရားတော်တွေ )၊ ပြီးရင် ဆေးလည်းသောက်ပါ၊ (ဆေးဆိုတာက = သီလ၊သမာဓိ၊ ပညာ) သေချာတာက တော့ ဆေးမသောက်ပဲ၊ ၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏ ဆိုရင်ဖြင့် ဘာရောဂါ မှ မပျောက်ဖူး။ ဒါ အသေအချာပဲ။

* ဓမ္မကို ကိုးကွယ်မယ်ဆိုရင်ဖြင့်၊ ဓမ္မံ သရဏံ ဂစ္ဆာမိ နဲ့  ရပ်မနေပဲ၊ သီလ-သမာဓိ-ပညာ အကျင့်တရား ကို အလေးထားကျင့် ကြံ မှသာ ဗုဒ္ဓ အလိုကျ ဓမ္မကို ကိုးကွယ်ရာရောက်မှာဖြစ်ကြောင်းအသိတရားပွင့် လာစေရန် ဟောကြားဆုံးမတော်မူခဲ့ပါတယ်။

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ၏ ဆုံးမသြ၀ါ ဒ

* လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က မဟာပုရိသ ယောက်ကျားမြတ် (ဗုဒ္ဓ) ဟာ၊ ဓမ္မ လိုခေါ်တဲ့  လောကမှာရှိ နေတဲ့ အမှန်တရား ကို အမှန်အတိုင်းမြင်နိုင်ကာ၊ ဒုက္ခခတ်သိမ်း မှလွတ်မြောက်၍ ငြိမ်းချမ်းမှု ကိုရစေသော ကျင့်ကြံတဲ့ တရားနည်းလမ်းကို တွေ့ ရှိခဲ့ပါတယ်၊

* ထိုနောက် လူနတ်၊ ဗြဟ္မာ အပေါင်းတို့ အတွက် အဖိုးမဖြတ်နိုင်တဲ့ တိုတရားကျင့်စဉ် နည်းလမ်း(ဓမ္မ) တရားရေအေး ကို၊ ရွှေခွက် တွေထဲတွင်ထဲ့ ၍ သတ္တ၀ါ အားလုံးအား၊ အယုတ်အလတ်-အမြတ်မရွှေး၊ အရာင်အသွေး မခွဲခြားပဲ အညီအမျ တိုက်ကျွှေးခဲ့ ပါတယ်။

* သို့ သော် အများစု သောပုဂ္ဂိုလ် သတ္တ၀ါ တို့ မှ ရွှေခွက် ကို သာ အထပ်ထပ် ရောင်တတ်အောင် ရွှေချ၍၊ ငါ့တို့ ရွှခွက်က သူ့ တို့ ဟာထက်ပိုလှတယ်၊ ပို တန်ခိုး ကြီးတယ်၊ ပို၍ မြတ်တယ်---စသဖြင့် (ဘာသာရေး ခေါင်းစဉ်တတ်၍) ပြိုင်ဆိုင်နေကြကာ--- ရွှေခွက်အတွင်းရှိ တရားကျင့်စဉ်ရေအေး (ဓမ္မ) ကို သောက်သုံးရန် မေလျော့  နေခဲ့ရင်းဖြင့် ဘ၀အချိန်တွေကို ကုန်ဆုံးခဲ့ကြပါတယ်။

* ဓမ္မ ကို ကျင့်စဉ် ကို ကျင့်သုံးရင် ဖြူစင်ခြင်း၊ အေးမြခြင်း၊ ငြိမ်းချမ်းခြင်းဆို တဲ့ အကျိုး ကိုခံစားရမှာဖြစ်ပါတယ်။

* ဒါပေမဲ့ ဓမ္မကျင့် စဉ်ကို မကျင့်ရင်တော့ဖြင့်ဗုဒ္ဓဘာသာ ပဲဖြစ်ဖြစ်၊ ဟိန္ဒြူ ပဲဖြစ်ဖြစ်၊ ခရစ်ရှန်ပဲဖြစ်ဖြစ်၊ ပါစရီပဲ ဖြစ်ဖြစ်၊ ဘ၀၏အေးချမ်းမှု ကိုမရနိုင်ပဲ သာကမီးတွေ နဲ့ အပူမီးတောက်လောင်နေရမှာဖြစ်ပါတယ်။

"ဆရာတော် ဦးဇောတိက ၏ ဆုံးမတရားတော်"

*မြတ်စွာဘုရား က " ယဒါ တုမှေ ကာလာမ အတ္တနာဝ ဇေနေယျာထ" ... " ကာလာမတို့ သင်တို့  ကိုယ်တိုင် သိ တဲ့ အခါကျ လို့ " ဟောပါတယ်..၊ ကိုယ်တွေ့ မရှိ ဘဲဆရာလုပ်တဲ့ သူဟာ တပြည့်တွေ လက်တွေ့ စမ်းမှာ ကို အားမပေးယုံမကဘူး..၊ ပိတ်ပင်တားဆီး မယ်..၊ တပည့်တွေက ကိုယ်တွေ့ နဲ့ ပြောလာရင် အဲဒီဆရာမှာ ပြောအား မရှိတော့ ဘူး..၊ ဒီလိုဆရာမျိုးဆီ မှာ ငယ်ငယ်တည်းက တပြည့်ခံမိ
ရင် မှား ပြီ..၊ ကိုယ့် ကိုယ် ကို ယုံကြည်မှု မရှိအောင် သူက လုပ် တော့ မယ်...၊ သူပြောက မျှ မဝေဖန် မစဉ်း စားပဲ ယုံမှကြိုက် မယ်..

ဒုတိယပိုင်းဆက်​လက်​ဖက်​ရှုရန်

ငြိမ်းချမ်း​ဇော်​ ပြန်​လည်​မျှ​ဝေသည်

ရဟန်းဖြစ်လာသော သိပ္ပံပညာရှင်

ရဟန်းဖြစ်လာသော သိပ္ပံပညာရှင်
--------------------------------------
အဂ္ဂမဟာကမ္မဋ္ဌာနစရိယ၊ဓမ္မစရိယ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒ န္တအာစိဏ္ဏ၏ ဖားအောက်တောရရိပ်သာကျောင်းတွင်
အနောက်တိုင်းသား နိုင်ငံခြားသား ယောဂီအများအပြား ရဟန်းဝတ်၍ တရားအားထုတ်နေသည်ကို တွေ့ရသည်။ ၄င်းတို့အထဲတွင်
သန်းကြွယ်သူဌေးမိသားစုမှ ဆင်းသက်လာသော လခစား အမေရိကန် သိပ္ပံပညာရှင်တစ်ရှင်တစ်ဦးလည်း ရဟန်းဝတ်ပြီး တရားအား
ထုတ်နေသည်။

အဆိုပါ ရဟန်းကို မီဒီယာ ဂျာနယ်လစ်တစ်ဦးက မေးခွန်းထုတ်သည်။" အရှင်ဘုရားသည် သန်းကြွယ်သူဌေး သိပ္ပံပညာရှင်
ကြီးဖြစ်ပါလျက် အဘယ်သို့သောအကြောင်းကြောင့် ရဟန်းဝတ်ပြီး သမထဝိပဿနာတရား စခန်းမှာ တရားအားထုတ်နေ
ပါသနည်း။ အဘယ်အထိ ဤသို့တရားအားထုတ်ရန် ရည်မှန်းထားပါသနည်း'' ဟုမေးသည်။

ထိုအခါ ရဟန်းကဖြေသည်မှာ " ဖားအောက်တောရ ဆရာတော်ဘုရားကြီး အမေရိက သာသနာပြုခရီးတွင် ဟောကြားညွှန်ပြတော်
မူသော ဗုဒ္ဓတရားတော်များကို နာကြားရသောအခါ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး သိပ္ပံပညာရှင်မှာ ဗုဒ္ဓဖြစ်နေကြောင်း ၊
ကမ္ဘာပေါ်တွင် ရှိရှိသမျှနှင့် ရှိခဲသမျှ ပုဂ္ဂိုလ်အပေါင်းတို့တွင် ပညာအကြီးမားဆုံးပုဂ္ဂိုလ်မှာ ဗုဒ္ဓဘုရားဖြစ်နေကြောင်း သိရှိလာရပြီး
ဗုဒ္ဓ၏ စာပေများက ညွှန်ပြထားသော အဆုံးအမများ ကသာလျှင် မိမိဘဝတိုးတက်ရေးအတွက် ပစ္စုပ္ပန်သံသရာနှစ်ဖြာ
ကောင်းကျိုးအတွက် အမှန်ဆုံး၊ အကောင်းဆုံး ၊ အမြတ်ဆုံးဖြစ်ကြောင်း ၊ ထို့ကြောင့် သည်တိုင်း ၊ သည်ဒေသ ပုဂ္ဂိုလ်များက
လက်ခံထားသရွေ့ ဤတစ်ပါးကျောင်းကလေးတွင် တစ်သက်ပတ်လုံးနေပြီး တရားအားထုတ်သွားရန် ရည်ရွယ်ဆုံးဖြတ်ထားကြောင်း''
ရှင်းပြသွားသည်။

ထိုကြောင့် ကကြီး ၊ ခကွေးကအစ မူလတန်းမှနေ တက္ကသိုလ်အဆင့်ဆင့်အထိ သင်ကြားခဲ့ကြသည့် စာပေပညာများ၊ အတတ်ပညာ
နည်းပညာများသည် ပစ္စုပ္ပန်တစ်ဘဝစားဝတ်နေရေး ချမ်းသာရေးအတွက် အကျိုးပြုသည်။
ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ တရားတော်များ၊ဗုဒ္ဓစာပေများမှာကား မိမိ၏ ပစ္စုပ္ပန်ဘဝနှင့် သံသရာအဆက်ဆက်တို့တွင် အမြင့်ဆုံး
အမြတ်ဆုံး အချမ်းသာဆုံးနှင့် နိဗ္ဗာန်ချမ်းသာအထိ ရရှိအောင် ၊ရောက်အောင် ပို့ဆောင်ပေးနိုင်ကြောင်းမှာ ရှင်းလင်းလှပေသည်။

(ကျီးသဲညွှန့်နိုင်)
copy__Bhikkhu's Dhamma

ငြိမ်းချမ်း​ဇော်​ပြန်​လည်​မျှ​ဝေသည်

ကိုယ်​ပိုင်​နဲ့ဘုံပိုင်

ကိုယ်​ပိုင်​နဲ့ဘုံပိုင်

     ကား မြေ တိုက်တာ အဆောက်အအုံ ရွှေ ငွေ စိန် ကျောက်စတဲ့ ပစ္စည်းဥစ္စာ လောကီ
ရတနာတွေဟာ ဘုံဆိုင်ပစ္စည်းပါ။ တစ်ယောက်တည်း ရှာဖွေစုဆောင်းပေမဲ့ တစ်ယောက်တည်း
ပိုင်ဆိုင်လို့ တစ်ယောက်တည်း သုံးစွဲလို့မရပါဘူး။ အနည်းဆုံး ဇနီး သားသမီးတွေကိုတော့
ကျွေးမွေး စောင့်ရှောက် ထောက်ပံ့ရပါသေးတယ်။ မျှဝေပေးရပါသေးတယ်။ လောကုတ္တရာ
ရတနာကတော့ ဒီလိုမဟုတ်ပါဘူး။ ကိုယ်ရှာဖွေကျင့်ကြံလို့ရသမျှဟာ ကိုယ်ပိုင်ပါပဲ။ ခွဲဝေပေး
လို့ရကောင်းတဲ့အရာ မဟုတ်ပါဘူး။ ရရာ ရကြောင်း နည်းလမ်းကိုသာ သင်ပေး၊ ညွှန်ပေးနိုင်
တဲ့အရာ ဖြစ်ပါတယ်။ ။

ငြိမ်းချမ်း​ဇော်​ပြန်​လည်​မျှ​ဝေသည်

ဗုဒ္ဓ ဘာသာ(၅)မျိုး

ဗုဒ္ဓဘာသာ (၅)မျိုး

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့ (၁)ကုလ ဗုဒ္ဓဘာသာ (၂)လာဘ ဗုဒ္ဓဘာသာ (၃)ဘယ ဗုဒ္ဓဘာသာ (၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ (၅)ပညာဓိက ဗုဒ္ဓဘာသာ (၁)ကုလ ဗုဒ္ဓဘာသာ ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချ တာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။ (၂)လာဘ ဗုဒ္ဓဘာသာ လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ဒီဘဝ စီးပွားရေးလေးတက်မလား ဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရား ကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ (၃)ဘယ ဗုဒ္ဓဘာသာ ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်း စား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။ (၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှား ယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။ သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကိုဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ပိဋကသုံးပုံ ကို သံဃာတော်တွေက ***ရှောက်ထားတာပါ။သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။ မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့ အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။ (၅)ပညာဓိက ဗုဒ္ဓဘာသာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိက ဗုဒ္ဓဘာသာပါ။ဘုရားက မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။ ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။

ငြိမ်​ချမ်း​ဇော်​ပြန်​လည်​မျှ​ဝေသည်